VPN ဆိုတာ Virtual Private Network လို့ခေါ်ပါတယ်။ Virtual Private Network ဆိုတော့ Myanmarr လိုဘာသာပြန်မယ်ဆိုရင် ကိုယ်ပိုင် Network တုယောင်ပါ။ ကဲ VPN ကိုဘယ်လိုအသုံးပြုကြမလဲ ……။
VPN ကနေတဆင့်အင်တာနက်သုံးတော့မယ်ဆိုရင်သိထားသင့်တဲ့ဆောင်ရန်ရှောင်ရန်တွေနဲ့ အသုံးဝင်တဲ့ VPN တချို့ကိုဖော်ပြပေးလိုက်ပါတယ်။ အချက်အလက်အများစုကို vpnmentor ဆိုတဲ့ website ကရယူပါတယ်။
ဘာတွေသိထားသင့်သလဲ
VPN သုံးတော့မယ်ဆိုရင်အရင်ဆုံးသတိထားရမယ့်အချက် ၃ချက်ရှိပါတယ်။ အမြန်နှုန်း (speed)၊ လုံခြုံရေး (security) နဲ့ server ရွေးချယ်နိုင်စွမ်း (accessibility) ပါ။
တချို့ vpn တွေကသူတို့ကိုသုံးလိုက်ရင် လိုင်းနှေးသွားတာမျိုးဖြစ်တတ်တယ်။ VPN ကိုလစဉ်ကြေးပေးသုံးသင့်မသုံးသင့်ဆိုတာကတော့ သုံးစွဲသူရဲ့ဆုံးဖြတ်ချက်အပေါ်မှာမူတည်ပါတယ်။ ကျနော်တို့ကတော့ လစဉ်ကြေးပေးသုံးဖို့ recommend လုပ်တယ်။ ဘာလို့လဲဆိုတော့ free VPN တွေကသူတို့အကျိုးအမြတ်ရဖို့ user data တွေကိုစီးပွားရေးလုပ်ငန်းတွေဆီရောင်းစားတာမျိုး၊ ကြော်ငြာတွေပြတာမျိုးလုပ်တတ်တော့ ကိုယ့် privacy အတွက်စိတ်မချရလို့ပါ။
Accessibility ဆိုတာကတော့နိုင်ငံဘယ်နှခုလောက်ရွေးချယ်ချိတ်ဆက်ခွင့်ရှိလဲဆိုတာရယ်၊ တကြိမ်မှာ device ဘယ်နှခုအသုံးပြုခွင့်ရှိသလဲဆိုတာပါပဲ။ VPN ချိတ်ဆက်တဲ့အခါ US, UK, Australia, New Zealand, Canada, France, Norway, Denmark, Netherlands, Belgium, Italy, Germany, Spain, Sweden တွေကိုရှောင်ပါ။ ဒီနိုင်ငံတွေကသူတို့ပြည်သူတွေကို spy လုပ်တတ်ပြီး အချင်းချင်း information မျှဝေတဲ့ကွန်ယက်ရှိပါတယ်။ ဒါကြောင့် နိုင်ငံများများရွေးချယ်နိုင်တဲ့ VPN ဖြစ်ဖို့လိုပါတယ်။
ဘယ်လို VPN တွေသုံးသင့်သလဲ
Turbo Vs TunnelBear
မြန်မာနိုင်ငံမှာ Turbo နဲ့ TunnelBear ကလူသိများတယ်။ ၂ခုလုံး Play Store မှာ download လုပ်လို့ရပါတယ်။ ဒီထဲမှာ Turbo ကတော့အခမဲ့နဲ့ လစဉ်ကြေး ၂မျိုးရှိတယ်။ အခမဲ့သုံးရင်တော့ location ၈ခုပဲချိတ်ဆက်လို့ရတယ်။ ပြီးတော့ကြော်ငြာတွေအများကြီးကြည့်ရပါလိမ့်မယ်။
လစဉ်ကြေးအနေနဲ့ တလ ၁၂ ဒေါ်လာပေးရပြီး ပထမဆုံးလကိုတော့ discount အနေနဲ့ ၁ဒေါ်လာပဲကောက်ပါတယ်။ Speed ပိုမြန်တယ်၊ HD video တွေကြည့်လို့ရမယ်၊ ကမ္ဘာအနှံ့ နိုင်ငံ ၂၉ခု က server တွေနဲ့ချိတ်ဆက်လို့ရပြီး တကြိမ်မှာ device ၅ခုအထိသုံးနိုင်ပါတယ်။
Turbo ကရိုးရှင်းပြီးတချက်နှိပ်လိုက်တာနဲ့အလိုအလျောက်ချိတ်ဆက်တဲ့ one-tap connect ဖြစ်လို့နည်းပညာနဲ့အကျွမ်းတဝင်မရှိတဲ့သူတွေနဲ့ ပိုသင့်တော်တယ်။
TunnelBear ကလစဉ် 500MB အခမဲ့ပေးသုံးပါတယ်။ သူ့ app အကြောင်း tweet လုပ်ပေးရင်တော့ 1GB အခမဲ့ပေးသုံးတယ်။ သူက user info တွေကိုသိမ်းမထားတဲ့အတွက် Turbo ထက်လုံခြုံရေးပိုင်းပိုစိတ်ချရပါတယ်။ ဒါ့အပြင် လုံခြုံရေး feature တွေကိုပုံမှန်စစ်ဆေးပေးတဲ့ တခုတည်းသော VPN ပါ။
နိုင်ငံပေါင်း ၂၀ကျော်က server တွေနဲ့ချိတ်ဆက်နိုင်ပြီး တကြိမ်မှာ device ၅ခုအထိသုံးနိုင်ပါတယ်။ ၁နှစ်စာ plan ဝယ်မယ်ဆိုရင် တလ ၅ဒေါ်လာလောက်ပဲကျတယ်။
ရေတိုမှာတော့ Turbo ကသုံးရလွယ်တာ၊ data အကန့်အသတ်မရှိတာစတဲ့ အားသာချက်တွေရှိပေမယ့် ရေရှည်လုံခြုံရေးပိုင်းမှာတော့ TunnelBear ကပိုကောင်းပါတယ်။ လစဉ်ကြေးကလည်းသိပ်မများလှပါဘူး။
Nord Vs Express
ဒီ VPN တွေကနည်းပညာ website တော်တော်များများရဲ့ထိပ်တန်း VPN စာရင်းမှာထိပ်ဆုံးနေရာကပါဝင်တဲ့ VPN တွေပါ။ Android TV ထောက်ပံ့မှုတွေပါတဲ့အတွက်ကိုယ့်နိုင်ငံမှာမရှိတဲ့ Netflix content တွေကျော်ခွကြည့်ဖို့အသုံးများတယ်။
Speed မြန်တာ၊ လုံခြုံမှုရှိတာ၊ သုံးစွဲသူတွေရဲ့ data တွေကိုသိမ်းမထားတာ၊ accessibility များတာတွေက ၂ခုလုံးမှာတူတာမို့ လစဉ်ကြေးရှုထောင့်ကနေသာအကဲဖြတ်ပါ့မယ်။
လစဉ်ကြေးမှာဆိုရင်တော့ Nord က ၁၂ဒေါ်ပေးရပြီး Express ကတော့ ၁၃ဒေါ်လာပေးရပါတယ်။ Nord ကို တနှစ်ဝယ်သုံးမယ်ဆိုရင်တော့ တလ ၅ဒေါ်လာလောက်ပဲကျမှာပါ။ Express မှာတော့ ၆လစာ plan ရှိပြီး တလ ၁၀ဒေါ်လာလောက်ကျသင့်ပါတယ်။
ဈေးနှုန်းအရကြည့်ရင်တော့ Nord ကပိုသက်သာတယ်။ ဒါပေမယ့် Nord ဟာ ၂၀၁၉ခုနှစ်က hacker တွေရဲ့တိုက်ခိုက်ခြင်းခံခဲ့ရဖူးပါတယ်။ User တွေရဲ့ website အသုံးပြုမှုစာရင်း (traffic log) ကိုသိမ်းမထားတာမို့ အရေးကြီးတဲ့ information တွေကိုခိုးယူလို့မရခဲ့ပါဘူး။ သိသင့်တဲ့အချက်တခုအနေနဲ့ဖော်ပြခြင်းသာဖြစ်ပါတယ်။
No comments:
Post a Comment